
မန်စီးတီးအသင်းဟာ နောက်ခံလူ မန်နူရယ်အကန်ဂျီကို တူရကီကလပ် ဂါလာတာစာရေးအသင်းဆီ ပေါင် ၁၅ သန်းနဲ့ရောင်းချဖို့ ဆွေးနွေးနေပါတယ်။
အသက် ၃၀ နှစ်ရှိ ဆွစ်ဇာလန်နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အဓိကနောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ပေမဲ့ ဝယ်ယူစဉ်က ပြောင်းရွှေ့ကြေးအတိုင်း ပေါင် ၁၅ သန်းရရှိမယ်ဆိုရင် မန်စီးတီးဘက်က ထွက်ခွာခွင့်ပြုမှာပါ။
အကန်ဂျီဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲဖြစ်တဲ့ ဝုဗ်နဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပါသေးတယ်။
၂၀၂၂ ခုနှစ်က ဒေါ့မွန် ကနေ ပေါင် ၁၅ သန်းနဲ့ပြောင်းရွှေ့လာတဲ့ အကန်ဂျီဟာစီးတီးအတွက် ၁၃၆ ပွဲ ပါဝင်ကစားထားပါတယ်။ ဂါလာတာစာရေးဟာ မန်စီးတီးဂိုးသမား အီဒါဆန်ကို ခေါ်ယူသွားဖို့လည်း စိတ်ဝင်စားနေပါတယ်။