
မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ရိုဒရီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဂျက်ဂရေးလစ်ရှ်ကို အဲဗာတန်အသင်းဆီ အငှားချဖို့ သဘောတူလိုက်တဲ့ မန်စီးတီးအသင်းဟာ ဂျိမ်းစ်မက္ကာသီကိုလည်း နော်တင်ဟမ်ဆီ ရောင်းချဖို့ ဆွေးနွေးနေတာကြောင့် တိုက်စစ်ကစားသမား တယောက် ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာပါ။
အသက် ၂၄ နှစ်ရှိ ရိုဒရီဂိုဟာ ရီးရဲလ်နည်းပြသစ် အလွန်ဆိုလက်ထက်မှာ ပွဲထွက်ခွင့် အာမခံချက် မရှိတော့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ်။
ရိုဒရီဂိုကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေကလည်း စိတ်ဝင်စားမှု ပြသခဲ့ဖူးပေမဲ့ အခြေအနေ တိုးတက်လာခြင်း မရှိတော့တာပါ။
မန်စီးတီးဟာ အကယ်ဒီထွက် ကစားသမားဖြစ်သူ ဂျိမ်းစ်မက္ကာသီကို ရောင်းချဖြစ်မယ်ဆိုရင် တိုက်စစ်ကစားသမားတယောက် မဖြစ်မနေ ခေါ်ယူသွားရမှာလို့ သိရပါတယ်။