
အဲဗာတန်အသင်းဟာ မန်စီးတီးတိုက်စစ်ကစားသမား ဂျက်ဂရေးလစ်ရှ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာရဲ့ အနာဂတ် အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့ဘဲ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာလည်း ပါဝင်ခွင့်မရခဲ့သူပါ။
အဲဗာတန်အသင်းဟာ လာမဲ့ရာသီမှာ တိုက်စစ်ပိုင်း တိုးတက်လာဖိုအတွက် ဂရေးလစ်ရှ်ကို အငှားစာချုပ် နဲ့ ခေါ်ယူဖို့ နီးစပ်လာခဲ့တာပါ။
ဂရေးလစ်ရှ်ကိုခေါ်ယူဖို့ တူရကီကလပ် ဖီနာဘာချီအပါအဝင် နယူးကာဆယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကလည်း စိတ်ဝင်စားမှုပြသခဲ့ပေမဲ့ အဲဗာတန်အသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့တာပါ။
ဂရေးလစ်ရှ်အတွက် မန်စီးတီးနဲ့ ရက်ပိုင်းအတွင်းမှာ အပြီးသတ် ဆွေးနွေးမှုတွေပြုလုပ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ထည့်သွင်းအသုံးပြုနိုင်ဖို့ အဲဗာတန်အသင်းက မျှော်လင့်နေပါတယ်။