
မန်ယူနဲ့ မန်စီးတီးအသင်းတို့ဟာ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာ ကိုခေါ်ယူဖို့ အခွင့်အလမ်း ကောင်းမွန်လာပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လိုင်လီအသင်းက လူးကပ်စ် ချီဗယ်လီယာကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတာကြောင့် ဒွန်နာရမ်မာကို ရောင်းချဖို့ လမ်းပွင့်လာခဲ့တာပါ။
မန်ယူအသင်းဟာ အိုနားနား ဒဏ်ရာရရှိခဲ့ပြီးနောက် ဂိုးသမားသစ် ခေါ်ယူဖို့ ရှာဖွေနေရာမှာ ဒွမ်နာရမ်မာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။
အလားတူ မန်စီးတီးကလည်း အီဒါဆန် နေရာအတွက် ဘန်လေဂိုးသမား ထရတ်ဖို့ဒ်ကို ခေါ်ယူဖို့ ရှိတဲ့တိုင် ဒွမ်နာရမ်မာရဲ့အခြေအနေကိုလည်း စောင့်ကြည့်နေတာပါ။
ပြင်သစ်သတင်းစာ L’Equipe ကတော့ ချီဗယ်လီယာကို ခေါ်ယူဖို့ နီးစပ်လာတဲ့ ပီအက်စ်ဂျီအသင်းဟာ ဒွန်နာရမ်မာကို ရောင်းထုတ်နိုင်တာကြောင့် မန်ချက်စတာ ၂ သင်းအတွက် အခွင့်အလမ်းတခု ဖြစ်လာကြောင်း ဖော်ပြသွားပါတယ်။