
အရောင်းစာရင်းတင်ထားတဲ့ ကစားသမားတွေ အသင်းသစ်ရှာမတွေ့ဘူးဆိုရင် ပြန်လည်အသုံးပြု သွားမယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီ၊ ဂါနာချိုနဲ့ မလာစီယာတို့ကိုရောင်းချဖို့ ရှိတာကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ပြီး တယောက်တည်းလေ့ကျင့်ခန်းတွေသာပြုလုပ်စေခဲ့တာပါ။
ရက်ရှ်ဖို့ဒ်တယောက်သာ ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့ပြီး တခြားကစားသမား ၄ ယောက်က အသင်းသစ် ရှာမတွေ့သေးတာပါ။
အသင်းမှာချန်ထားခဲ့တဲ ကစားသမားတွေကို အနာဂတ်အတွက် စဉ်းစားဆုံးဖြတ်ချိန်ပေးထားတာ ဖြစ်ပြီး အသင်းသစ်ရှာမရဘူးဆိုရင် အသင်းလူစာရင်းနဲ့ ပူးပေါင်းစေမှာဖြစ်ကြောင်း၊ ပွဲထွက် လူစာရင်းအတွက် ပြိုင်ဆိုင်မှုပြင်းထန်တာက အသင်းအတွက် အကျိုးရှိစေကြောင်း နည်းပြအာမိုရင်ကပြောပါတယ်။
ဒါပေမဲ့ အပြောင်းအရွှေ့နောက်ဆုံးအချိန်အထိ ရောင်းချဖို့ တာဝန်ရှိသူတွေ လုပ်ဆောင်မှာဖြစ်ကြောင်းလည်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။
Photo:Reuters