
အာဂျင်တီးနား နံပါတ်တစ်ဂိုးသမား မာတီနက်ဇ်ဟာ ဗီလာနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားပြီး မန်ယူအသင်းဘက်က အငှားစာချုပ်နဲ့ ခေါ်ယူဖို့သာ အခွင့်အရေးရှိနိုင်ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
မန်ယူအသင်းဟာ အသင်းရဲ့နံပါတ်တစ်ဂိုးသမား အိုနားနားက ဒဏ်ရာကြောင့် တလနီးပါး အနားယူရနိုင်တာကြောင့် ဂိုးသမားသစ် တယောက်ခေါ်ယူရဖို့ ရှိနေပြီး မန်ယူအသင်းဟာ အက်စတန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
မာတီနက်ဇ်ဟာ မနှစ်ကရာသီ ဆောင်းရာသီအပြောင်းအရွှေ့မှာကတည်းက ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့တာပါ။
မန်ယူအသင်းဟာ တိုက်စစ်ပိုင်းအတွက် ဝုဗ်နဲ့ ဘရန့်ဖိုဒ်အသင်းတွေမှာ ခြေစွမ်းပြခဲ့တဲ့ မားသီးယက်စ်ကွန်ညာနဲ့ အမ်ဘူမိုတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။
Photo: Reuters