
မန်ယူအသင်းဟာ အက်စ်တန်ဗီလာ ဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
နံပါတ်တစ်ဂိုးသမား အိုနာနာက ဒဏ်ရာကြောင့် တလနီးပါး အနားယူရနိုင်တာကြောင့် ဂိုးသမားသစ် တယောက် ခေါ်ယူနိုင်ဖို့ မန်ယူအသင်းက ပြင်ဆင်လာခဲ့တာပါ။
ဒါပေမဲ့ အသင်းရဲ့ ဘတ်ဂျက်အခြေအနေကို ပြန်လည်သုံးသပ်နေပြီး ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီမယ်ဆိုရင် ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ မန်ယူအသင်းက ပြင်ဆင်ထားတာပါ။
လက်ရှိအချိန်အထိ ဗီလာအသင်းဆီ တရားဝင်ကမ်းလှမ်းခြင်း မရှိသေးပေမဲ့ အသင်းက ကစားသမား အထွက်စာရင်းအပေါ် မူတည်ပြီး ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ဆန်ချိုကို ရောင်းချဖို့ ဂျူဗင်တပ်အသင်းနဲ့ ပြင်ဆင်နေသလို ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ မာလာစီယာတို့ကိုလည်း ရောင်းထုတ်ဖို့ ဆွေးနွေးနေပါတယ်။
မန်ယူအသင်းအနေနဲ့ မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေးတရပ်ပေးပြီး မခေါ်ယူနိုင်ဘူးဆိုရင် ကစားသမားတယောက်ယောက်နဲ့ အလိုက်ပေးကမ်းလှမ်းဖို့လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။