
မန်ချက်စတာယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အမေရိကခရီးစဉ်မှာ ပါဝင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်ပါတယ်။
မန်ယူအသင်းဟာ ကင်းမရွန်းလက်ရွေးစင်ကစားသမားအတွက် ပေါင် ၇၁ သန်းနဲ့ ခေါ်ယူဖို့ ဘရန့်ဖို့ဒ်အသင်းနဲ့ သဘောတူညီမှု ရရှိထားတာပါ။
မန်ယူအသင်းဘက်က တတိယအကြိမ်ကမ်းလှမ်းမှုလုပ်ဆောင်ပြီးမှသာ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ကနဦးပေါင် ၆၅ သန်းနဲ့ နောက်ထပ် ပေါင် ၆ သန်းပေးချေသွားရမှာပါ။
မန်ယူအသင်းဟာ အမ်ဘူမိုကို ဇူလိုင် ၁၉ ရက် ဒီနေ့ ဆေးစစ်ပြီး တရားဝင်စာချုပ် ချုပ်သွားမှာပါ။ အဲဒီနောက် လာမယ့် တပတ်မှာစတင်မယ့် အမေရိကန်ခြေစမ်းခရီးမှာ ခေါ်ဆောင်သွားမှာဖြစ်ပြီး ဇူလိုင် ၂၇ ရက်မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားဖို့ ရှိပါတယ်။
Photo:Reuters