
ဘရန့်ဖို့ဒ် တိုက်စစ်မှူး အမ်ဘူမိုကို ခေါ်ဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အထိ ထပ်တိုးပေးပြီး တတိယအကြိမ် ကမ်းလှမ်းလိုက်တယ်လို့ Sky Sport သတင်းက ဖော်ပြပါတယ်။
အဲဒီသန်း ၇၀ မှာ ၆၅ သန်းကို ချက်ချင်းပေးချေပြီး ကျန်တဲ့ ၅ သန်းကိုတော့ ကစားသမား အခြေအနေပေါ် မူတည်ပြီး ထပ်ဆောင်းပေးမှာ ဖြစ်ပါတယ်။
အမ်ဘူမိုကို ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းကလည်း စိတ်ဝင်စားနေပေမဲ့ ကစားသမားကတော့ ယူနိုက်တက်ကိုပဲ ပြောင်းရွှေ့ချင်နေတာပါ။
ကင်မရွန်းလက်ရွေးစင် အမ်ဘူမိုဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်အတွက် ၃၈ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားပါတယ်။