Home
အားကစား
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဂျူဗင်တပ် ပစ်မှတ်ထားကြိုးပမ်း
DVB
·
July 17, 2025
Photo: REUTERS/Molly Darlington/

အီတလီထိပ်သီး ဂျူဗင်တပ်အသင်းဟာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းလာတယ်လို့ သိရပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ မန်ယူအသင်းမှာ အနာဂတ်မရှိတော့သူ ဖြစ်ပြီး သူ့ရဲ့ကျောနံပါတ် ၁၀ ကိုလည်း ကစားသမားသစ် မားသီယက်စ်ကူညာကို ပေးထားရတာပါ။

မန်ယူအသင်းနဲ့လည်း  လေ့ကျင့်ခန်းဆင်းခွင့်မရဘဲ တယောက်တည်း လေ့ကျင့်ခန်းတွေသာ ပြုလုပ်နေရတဲ့ ရက်ရှ်ဖို့ဒ်ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချသွားရမှာပါ။

စကိုင်းစပေါ့အီတလီရဲ့ ဖော်ပြချက်အရ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းကအရှိန်မြှင့် ကြိုးပမ်းနေပြီး မန်ယူအသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

The Sun သတင်းမှာတော့ ရက်ရှ်ဖို့ဒ်ကို မန်ယူနည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ တူရကီကလပ် ဖီနာဘာချီအသင်းကလည်း စိတ်ဝင်စားနေကြောင်း ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024