
မန်ယူအသင်းရဲ့ ကျောနံပါတ် ၁၀ ဂျာစီ ဝတ်ဆင်ခွင့်ရဖို့က အိပ်မက်တခုဖြစ်ကြောင်း ကစားသမားသစ် ကူညာက ပြောပါတယ်။
ဘရာဇီးလက်ရွေးစင် ကစားသမားဟာ မနှစ်က ဝုဗ်အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် မန်ယူအသင်းကခေါ်ယူခဲ့ပြီး ကျောနံပါတ် ၁၀ ကိုပါ ဝတ်ဆင်ခွင့်ပေးခဲ့တာပါ။
ယူနိုက်တက်မှာ နံပါတ် ၁၀ ဝတ်ဆင်ကစားခွင့်ရဖို့က အိပ်မက်တခုဖြစ်ပြီး ဒီဂျာစီကိုမြင်ရချိန်မှာ ဝိန်းရွန်းနီကို ပြန်လည်အမှတ်ရမိကြောင်း၊ မိမိ ငယ်ဘဝဟာ ဝိန်းရွန်းနီကို ကြည့်ရူရင်း ကြီးပြင်းလာခဲ့ ကြောင်း ကူညာက ပြောပါတယ်။
မန်ယူအသင်းကို ပြိုင်ဘက်အဖြစ် ကစားစဉ်က တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဆီက ကျောနံပါတ် ၁၀ ဂျာစီကို လဲယူထားတာရှိကြောင်း ကူညာက ပြောသွားပါတယ်။
တဖက်မှာတော့ အသင်းကနေ မထွက်သေးတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ဂျာစီ ကို ရယူခဲ့တဲ့ အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Photo: Reuters