ပါရာဂွေးကြယ်ပွင့် ဒီယေဂိုလီယွန်ကို ပေါင် ၇ သန်းဖြင့် မန်ယူ ခေါ်ယူ
DVB
·
July 7, 2025

မန်ယူအသင်းဟာ ပါရာဂွေး လူငယ်ကြယ်ပွင့် ဒီယေဂိုလီယွန်ကို ပေါင် ၇ သန်းနဲ့ အပြီးသတ်စာချုပ် ခေါ်ယူခဲ့ပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ဘယ်နောက်ခံ ကစားသမားဟာ မနှစ်ကမှ ပါရာဂွေးကလပ် ဆာရို ပေါ်တီနို အသင်းကြီးမှာ စတင်ကစားခွင့်ရခဲ့ပြီး ၃၃ ပွဲမှာ ၄ ဂိုး သွင်းခဲ့ပါတယ်။
မန်ယူအသင်းဟာ အသင်းကနေရောင်းထုတ်မယ့် ဘယ်နောက်ခံလူ မာလာဆီယာရဲ့ နေရာအတွက် အစားထိုးခေါ်ယူခဲ့တာဖြစ်ပြီး နည်းပြ အာမိုရင်ရဲ့ ၂ ယောက်မြောက် ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။
မန်ယူအသင်းဟာ အမ်ဘူမို အပါအဝင် တခြားပစ်မှတ် ကစားသမားတွေကို ခေါ်ယူဖို့လည်း ချိတ်ဆက်နေဆဲ ဖြစ်ပါတယ်။


