
ဂိုးသမား အိုနားနားဒဏ်ရာရသွားတဲ့အတွက် ဂိုးသမားသစ်တယောက် ခေါ်ယူဖို့ မန်ယူအသင်းက ပြင်ဆင်နေပါတယ်။
ကင်မရွန်း ဂိုးသမားဟာ အသင်းနဲ့ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိသွားတာကြောင့် အနည်းဆုံး တလ အနားယူသွားရမှာဖြစ်ပြီး အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေ အပါအဝင် အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်ကိုလည်း လွဲချော်ဖို့ရှိနေတာပါ။
မန်ယူအသင်းမှာ အရန်ဂိုးသမား ၂ ယောက်ရှိပေမဲ့ နံပါတ်တစ် ဂိုးသမားနေရာအတွက် ဂိုးသမား တယောက် ခေါ်ယူဖို့ ချိန်ဆနေပြီး ရက်ပိုင်းတွင်းမှာ ဆုံးဖြတ်ချက် ချသွားမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ မနှစ်ကရာသီမှာ ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဘရာဇီးကလပ် ဘိုတာဖိုဂို ဂိုးသမား ဂျွန်ဗစ်တာနဲ့လည်း သတင်းထွက်နေပါတယ်။