
မန်ယူအသင်းဟာ ဘရိုက်တန် ဘယ်နောက်ခံလူ အက်စ်တူပီနန်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
အီကွေဒေါနောက်ခံလူဟာ ၂၀၂၂ ခုနှစ်ကတည်းက ဗီလာရီးရဲလ်ကနေ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာခဲ့သူပါ။
ဘရိုက်တန်နဲ့ သုံးရာသီအတွင်းမှာ ၅ ဂိုးသွင်း ၁၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပြီး မန်ယူအသင်းက ဘယ်တောင်ပံနေရာအတွက် အသင့်သုံးနိုင်ဖို့ ရည်ရွယ်ထားတာပါ။
ဘရိုက်တန်နဲ့ ၂ နှစ်စာချုပ် ကျန်သေးပေမဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ ဘရိုက်တန်အသင်းက စီစဉ်ထားတာပါ။
ကလပ်ဘရုဂျက်က နောက်ခံလူ ဒီဆိုက်ပါကိုလည်း ခေါ်ယူထားပြီးဖြစ်တာကြောင့် အက်စ်တူပီနမ် အတွက် ထိုက်သင့်တဲ့ကမ်းလှမ်းမှုရမယ်ဆိုရင် ရောင်းချသွားဖို့ ဘရိုက်တန်ဘက်က ပြင်ဆင်ထားတယ်လို့ TalkSPORT သတင်းမှာ ဖော်ပြပါတယ်။
အက်စ်တူပီနမ်ကို ခေါ်ယူဖို့ အီတလီထိပ်သီး အေစီမီလန်ကလည်း စိတ်ဝင်စားနေပြီး မန်ယူအသင်းအနေနဲ့ လက်ဦးမှုရယူနိုင်ဖို့ လိုအပ်ကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။