
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်လာပါတယ်။ အသက် ၂၇ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ မန်ယူအသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးခရီးစဉ်တွေကနေ ချန်လှပ်ခံထားရပြီး တဦးတည်း လေ့ကျင့်ခန်းတွေပဲ ပြုလုပ်နေရသူပါ။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပြီး သူ့ရဲ့ တပတ်လုပ်ခလစာ ပေါင် ၃ သိန်းကျော်အတိုင်း ဆက်လက်ပေးချေမှာဖြစ်တယ်လို့ သိရပါတယ်။
ရာသီအကုန်မှာ ပေါင်သန်း ၄၀ လောက်နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီမှုလည်း ရရှိထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုက နီကိုဝီလီယံနဲ့ လီဗာပူးက လူးဝစ်ဒီယက်ဇ်တို့ကို ဦးစားပေး ပစ်မှတ်ထားခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။