
မန်ယူအသင်းဟာ တိုက်စစ်မှူးသစ်ခေါ်ယူနိုင်ခြင်းမရှိဘဲ ရာသီသစ်ကို စတင် သွားရဖို့ရှိ နေပါတယ်။
မန်ယူအသင်းဟာ မားသီးယက်စ်ကူညာနဲ့ အမ်ဘူမိုလို တိုက်စစ်ကစားသမားတွေကို ခေါ်ယူထားပေမဲ့ နံပါတ် ၁၀ နေရာတွေအတွက် အဓိက အသုံးပြုသွားဖို့ ရှိတာကြောင့် နံပါတ် ၉ တိုက်စစ်မှူးစစ်စစ် ခေါ်ယူဖို့လည်း ပစ်မှတ်ထားကြိုးပမ်းခဲ့တာပါ။
လက်ရှိအချိန်မှာ ပစ်မှတ်တိုက်စစ်မှူးတွေဟာ ပြိုင်ဘက်အသင်းတွေကို ရွေးချယ်သွားတာကြောင့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြန့်ကြာနေတာပါ။
အစ်ဆွစ်တိုက်စစ်မှူး ဒလတ်ဖ်ကို ချဲလ်ဆီးလက်ဦးမှုရယူသွားသလို၊ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ် ကိုလည်း အာဆင်နယ်က ခေါ်ယူသွားတာပါ။
အလားတူ ဖရန့်ဖတ်တိုက်စစ်မှူး အစ်တီကီတီကိုလည်း လီဗာပူးက ခေါ်ယူသွားတာပါ။ လတ်တလော သတင်းတွေအရတော့ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်ကို ပစ်မှတ်ထားနေပြီး ရာသီသစ်မစခင် တိုက်စစ်မှူးသစ်ခေါ်ယူဖို့ မန်ယူအသင်းက လုပ်ဆောင်နေပါတယ်။
Photo:Reuters