
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အသင်းကနေ ထွက်ခွါသွားတာက မန်ယူအသင်းအတွက် ဆုံးရှုံးမှုဖြစ်တယ်လို့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ပြောသွားပါတယ်။
ပေါ့ဘာဟာ ရက်ရှ်ဖို့ဒ်နဲ့ ၁၈၇ ပွဲအထိ အတူကစားခဲ့ပြီး တခြားကစားသမားတွေထက်ပိုပြီး တွဲဖက်ကစားရတဲ့ပွဲအရေအတွက် ပိုများခဲ့တာပါ။
အင်္ဂလန်တိုက်စစ်မှူးကို မန်ယူအသင်းက အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခွင့်မပေးခဲ့သလို ကျောနံပါတ် ၁၀ ကိုလည်း ကစားသမားသစ်ကူညာကို ပေးခဲ့တာပါ။
မန်ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ ကျောနံပါတ်ကိုလည်း အသင်းမပြောင်းခင်ကတည်းက တခြားကစားသမားကို ပေးအပ်ထားတာက မနှစ်မြို့ စရာကောင်းပြီး ဘာစီလိုနာဆီ ပြောင်းရွှေ့ကစားခွင့်ရမယ့် ရက်ရှ်ဖို့ဒ်အတွက် ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ ပေါ့ဘာက ပြော သွားပါတယ်။
Photo: Reuters