
ဂျာမန်ကလပ် လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကို ကို ခေါ်ယူခြင်းမပြု ဖို့ နောက်ခံလူ ဟောင်း ဖာဒီနန်က တိုက်တွန်းသွားပါတယ်။
မန်ယူအသင်းဟာ အထောင်တိုက်စစ်နေရာအတွက် ဟွိုက်လန်းနဲ့ ဇက်ဇီးတို့ကို အားမရလို့ နံပါတ် ၉ တိုက်စစ်မှူးစစ်စစ်ခေါ်ယူဖို့ စီစဉ်ထားတာပါ။
လတ်တလောသတင်းတွေအရ လိုက်ပ်ဇစ်အသင်းက ဆလိုဗေးနီးယားတိုက်စစ်မှူး ဆက်စ်ကိုနဲ့ သတင်းထွက်နေချိန်မှာ ခေါ်ယူခြင်းမပြုဖို့ ဖာဒီနန်က သူ့ရဲ့ ယူကျုချန်နယ်ကနေ တိုက်တွန်းသွားခဲ့တာပါ။
အသင်းမှာ အတွေ့အကြုံနည်းပါးတဲ့တိုက်စစ်မှူးတွေရှိပြီးသားဖြစ်လို့ ဆက်စ်ကို ကို စွန့်စားပြီး ခေါ်ယူဖို့ မလိုအပ်ကြောင်း၊ ယူနိုက်တက်တိုက်စစ်မှူး အတွေ့အကြုံရှိတိုက်စစ်မှူးသာ လိုအပ်ကြောင်း ဖာဒီနန်က ပြောပါတယ်။
ယူနိုက်တက်အနေနဲ့ ဗီလာတိုက်စစ်မှူး ဝက်စ်ကင်ကို ခေါ်ယူမယ်ဆိုရင်လည်း အဆင်ပြေနိုင်ပြီး ဘရိုက်တန်ကြယ်ပွင့်ကစားသမား ကားလို့စ်ဘယ်လီဘာကို ခေါ်ယူဖို့လည်း တိုက်တွန်းသွားပါတယ်။
Photo:Reuters