
မန်စီးတီးအသင်းရဲ့ တတိယဝတ်စုံသစ်ဒီဇိုင်းကို စီးတီးပရိသတ်တွေက လှောင်ပြောင်ဝေဖန်နေကြ ပါတယ်။
သြဂုတ် ၁၄ ရက်က ထုတ်ပြန်လိုက်တဲ့ စီးတီးရဲ့ တတိယဝတ်စုံဟာ မီးခိုးရောင်ဖြစ်ပြီး လည်ဝိုက်နဲ့ လက်မောင်းတွေမှာ အစိမ်းနုရောင် အစင်းလိုက်တွေနဲ့ ဒီဇိုင်းထုတ်လုပ်ထားတာပါ။
ပူးမား ကထုတ်လုပ်တဲ့ အဲဒီတတိယဝတ်စုံသစ်မှာ မိုးစက်တွေ ကျဆင်းနေတဲ့ ပုံစံမျိုး ထည့်သွင်းထားပြီး မန်ချက်စတာရဲ့ ရာသီဥတုအပေါ် ဖန်တီးပုံဖော်ထားတာဖြစ်တယ်လို့ မန်စီးတီးဘက်ကထုတ်ပြန် ပါတယ်။
မန်စီးတီးပရိသတ်တွေကတော့ တတိယဝတ်စုံသစ်ဒီဇိုင်းအပေါ် စိတ်ပျက်မိကြောင်း မှတ် ချက်ရေးသားခဲ့ကြပြီး အဲဒီဝတ်စုံသစ်နဲ့ဆိုရင် နိုင်ပွဲရဖို့ လမ်းမမြင်ကြောင်းလည်း ပရိသတ်တယောက်က မှတ်ချက်ရေးသားခဲ့ပါတယ်။
တတိယဝတ်စုံသစ်ရဲ့ အရောင်ကြောင့် မိုးရွားနေတဲ့အချိန်မှာ အသင်း ဂျာစီကို မြင်ရဖို့ခက်ခဲနိုင်ကြောင်းလည်း မှတ်ချက်ပေးကြပါတယ်။
Photo:Reuters