
ကွင်းလယ်ကစားသမား ရိုင်ဒါဟာ မန်စီးတီးအသင်းအတွက် ထိပ်တန်းခေါ်ယူမှုဖြစ်ကြောင်း နည်းပြ ပတ်ဂွါဒီယိုလာက ချီးကျူးသွားပါတယ်။
ဟော်လန်ကွင်းလယ်ကစားသမားဟာ အခုနှစ်အပြောင်းအရွှေ့မှာ အေစီမီလန်ကနေ ပေါင် ၄၂ သန်းကျော်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲဦးထွက်ပွဲစဉ်မှာပဲ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ရိုင်ဒါဟာအသင်းကို စတင်ရောက်ရှိတဲ့နေ့ကတည်းက အကျိုးသက်ရောက်မှုရှိခဲ့ပြီး ကွင်းလယ်ခံစစ်နဲ့ တိုက်စစ်ပိုင်း ၂ နေရာစလုံးမှာ ခြေစွမ်းပြသနိုင်ကြောင်း၊ အေစီမှာရော နိုင်ငံအသင်းမှာပါ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းအတွက် အကျိုးရှိတဲ့ ထိပ်တန်းခေါ်ယူမှုဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးက ဝုဗ်ကို အနိုင်ရတဲ့ပွဲမှာ ရိုင်ဒါက တဂိုးသွင်း၊ တဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားကလည်း ချီးကျူးသွားပါတယ်။