Home
အားကစား
ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာ မန်စီးတီးဆီ ပြောင်းရွှေ့ရန် သဘောတူ
DVB
·
August 25, 2025
Photo: Vincent Carchietta-Imagn Images/Via Reuters

ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာဟာ မန်စီးတီး အသင်းဆီပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါတယ်။

အသက် ၂၆ နှစ်ရှိ အီတလီနံပါတ်တစ် ဂိုးသမားဟာ အသင်းနဲ့ သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် နှစ်ဦးသဘောတူလမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

ချန်ပီယံလိဂ် ချန်ပီယံ ဂိုးသမားဟာ မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်တာကြောင့် ရက်ပိုင်းအတွင်းမှာ အပြီးသတ်စာချုပ်ဖို့ရှိပါတယ်။

ဒွန်နာရမ်နာကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ မန်စီးတီး ဟာ နံပါတ်တစ်ဂိုးသမား အီဒါဆန်ကို တူရကီကလပ် ဂါလာတာစာရေးအသင်းဆီ ရောင်းချဖို့ နီးစပ်လာခဲ့ပါတယ်။

မန်စီးတီးဟာ အခုနှစ် ရာသီမှာ လူငယ်ဂိုးသမားသစ် ထရတ်ဖ်ဖို့ဒ်ကို ပွဲထွက်အသုံးပြုနေပြီး ဒွန်နာရမ်မာ ပြောင်းရွှေ့လာမယ်ဆိုရင် နံပါတ်တစ် နေရာအတွက် အပြိုင်လုသွားရဖို့ရှိပါတယ်။

အရပ် ၆ ပေ ၅ လက်မရှိ အီတလီဂိုး သမားဟာ ၂၀၂၁ ခုနှစ်က အေစီမီလန်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ပီအက်စ်ဂျီနဲ့  ၄ နှစ်တာ ကာလအတွင်းမှာ ပွဲပေါင်း ၁၆၀ ခန့် ကစားပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024