
မန်စီးတီးကနေ ထွက်ခွာခဲ့တာက ပုံမှန်ပွဲထွက်ခွင့်ရချင်လို့ ဖြစ်ကြောင်း ကွင်းလယ်လူ ဂွမ်ဒိုဂမ်က ပြောသွားပါတယ်။
တူရကီနွယ်ဖွား ဂျာမန်ကစားသမားဟာ မန်စီးတီးကနေ ဒုတိယအကြိမ် ထွက်ခွာပြီး တူရကီကလပ် ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
ဂွမ်ဒိုဂမ်ဟာ မနှစ်က မန်စီးတီးနဲ့ ၅၄ ပွဲ အထိကစားခဲ့ပေမဲ့ လူစားဝင်ကစားရတဲ့ပွဲကအများစုပါ။ မိမိအသက်က ၃၅ နှစ်ပြည့်တော့မှာဖြစ်ပေမဲ့ ကြံ့ခိုင်မှု ကောင်းမွန်နေဆဲဖြစ်ပြီး အမြင့်ဆုံးအဆင့်အတန်းမှာ ကစားနိုင်တယ်ဆိုတာယုံကြည်ကြောင်း၊ မန်စီးတီးကနေ ထွက်ခဲ့တာက ရိုးရှင်းပြီး ဘောလုံးကစားချင်တာကြောင့်ဖြစ်တယ်လို့ ဂွမ်ဒိုဂမ်က ပြောပါတယ်။
မန်စီးတီးအသင်းဟာ အကြီးကျယ်ဆုံးခေတ်တခုကို တည်ဆောက်အပြီးမှာ သွေးသစ် လောင်းနေတဲ့အချိန်ဖြစ်ပြီး အသင်းရဲ့စီမံကိန်းအပေါ် နားလည်လက်ခံသလို လေးစားမှုလည်းရှိ ကြောင်း ဂွမ်ဒိုဂမ်က ပြောသွားပါတယ်။
Photo: Reuters