
မန်ယူနိုက်တက်ရဲ့ လူငယ်ကွင်းလယ်ကစားသမား ကိုဘီမိန်နူးကို ပိုကောင်းတဲ့ ကစားသမား ဖြစ်အောင် ကူညီပေးသွားမယ်လို့ နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
အသက် ၂၀ ပဲရှိသေးတဲ့အင်္ဂလန် ကွင်းလယ်ကစားသမားဟာ နည်းပြအာမိုရင်လက်ထက်မှာ ပွဲကစားခွင့် နည်းပါးလာခဲ့ပြီး အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ အငှားထွက် ကစားခွင့် တောင်းဆိုခဲ့ပေမဲ့ နည်းပြအာမိုရင်က အသင်းမှာ ဆက်ရှိစေခဲ့တာပါ။
ကိုဘီမိန်နူးဟာ သက်သေပြပြီးသား ကစားသမားလို့ တချို့က ထင်ကောင်းထင်နိုင်ပြီး ခုထက်ပိုကောင်းအောင် ကစားနိုင်သူဖြစ်သလို ပိုပြီးတိုးတက်လာနိုင်သူ ဖြစ်တာကြောင့် ယုံကြည်မှု အများကြီး ထားရှိကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
မိန်နူးရဲ့စွမ်းဆောင်ရည်က တချို့ကစားသမားတွေအတွက် လုံလောက်ပေမဲ့ သူ့အတွက်တော့ မလုံလောက်သေးကြောင်း၊ မိန်နူးကို စွမ်းဆောင်ရည်ကောင်းမွန်လာဖို့အတွက် အခွင့်အရေးပေးပြီး ကူညီသွားမှာဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။