
အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမဲ့ ပျက်ပြယ်သွားပုံကို မိသားစုဝင်တွေက ရှင်းလင်း သွားပါတယ်။
မာတီနက်ဇ်ဟာ ဗီလာနဲ့ ၄ နှစ်ကြာ ဖြတ်သန်းပြီးနောက် မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပေမဲ့ ဗီလာအသင်းစီမံခန့်ခွဲမှုအဖွဲ့က ပြောင်းရွှေ့ခွင့်မပြုခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရတာလို့ မာတီနက်ဇ်ရဲ့ဖခင်နဲ့ အစ်ကိုဖြစ်သူတို့က ရှင်းလင်းခဲ့တာပါ။
အမ်မီမာတီနက်ဇ်ဟာ ပရော်ဖက်ရှင်နယ်ဆန်မှုကို ပြသနိုင်ခဲ့ပြီး တခြားအသင်းက ခေါ်ယူလိုပေမဲ့ ဗီလာအသင်း ဒါရိုက်တာအဖွဲ့ဘက်က အသင်းရဲ့အဓိက ကစားသမားကို လက်မလွှတ်ချင်ခဲ့တာ ဖြစ်ကြောင်း၊ စီးပွားရေးအရ အငြင်းပွားမှုတခုသာဖြစ်ပြီး အသင်းမပြောင်းခဲ့ရပေမဲ့ အဆင်ပြေကြောင်း အစ်ကိုဖြစ်သူ အလက်ဆန်ဒရိုက ပြောပါတယ်။
မာတီနက်ဇ်ရဲ့ ဖခင်ကတော့ အလုပ်ရှင်က အလုပ်သမားကို အလုပ်ထွက်ခွင့်မပြုတဲ့ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး အားလုံးက အကျိုးစီးပွားနဲ့ သက်ဆိုင်ကြောင်း၊ ဒီနေ့ အသင်းမပြောင်းဖြစ်ပေမဲ့ နောင်တချိန်မှာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ပြောသွားပါတယ်။