Home
အားကစား
မန်ယူနှင့် အပြောင်းအရွှေ့ မဖြစ်ခဲ့သော်လည်း ဂိုးသမား မာတီနက်ဇ် ပျော်ရွှင်နေဟု နည်းပြပြော
DVB
·
September 6, 2025
Photo :Reuters

မန်ယူနိုက်တက်နဲ့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပေမဲ့ ဂိုးသမားမာတီနက်ဇ် အဆင်ပြေ ပျော်ရွှင် နေကြောင်း အာဂျင်တီးနားနည်းပြ စကယ်လိုနီက ပြောသွားပါတယ်။

ဗီလာဂိုးသမားဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမဲ့ မန်ယူအသင်းက ဘယ်လ်ဂျီယံဂိုးသမား လမ်မန်စ်ကို ခေါ်ယူခဲ့တာပါ။  

မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရမယ့်အခြေအနေအပေါ် စိတ်လှုပ်ရှားမိတာမျိုး ဖြစ်နိုင်ပေမဲ့ မာတီနက်ဇ်က အကောင်းမြင်တတ်သူဖြစ်ပြီး အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပေမဲ့ အသင်းလေ့ကျင့်ရေးကွင်းမှာ အဆင်ပြေပျော်ရွှင်နေကြောင်း နည်းပြစကယ်လိုနီက ပြောပါတယ်။

နိုင်ငံတကာရက်သတ္တပတ်မှာ အသင်းအပေါ် အာရုံစိုက် ကစားမယ့်သူဖြစ်သလို မိခင်ကလပ်ရောက်ချိန်မှာလည်း ဗီလာအတွက် အာရုံစိုက်ကစားသွားမယ့်သူဖြစ်ကြောင်း နည်းပြစကယ်လိုနီက ကာကွယ်ပြောသွား ပါတယ်။ 

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013