
ဘန်လေနဲ့ပွဲမှာ ဖာနန်ဒက်စ်ရဲ့ နောက်ဆုံးမိနစ်ပင်နယ်တီကို မကြည့်ရူခဲ့တဲ့အပေါ် နည်းပြအာမိုရင် က ပြန်လည် ရှင်းလင်းသွားပါတယ်။
ရလဒ်မကောင်းဖြစ်နေတဲ့ မန်ယူအသင်းဟာ ဘန်လေနဲ့ပွဲမှာ ၂ ကြိမ် တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုးတွေခွင့်ပြုခဲ့ရပြီး ပွဲချိန် ၉၇ မိနစ်မှာ ပင်နယ်တီရခဲ့လို့သာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာပါ။
အနိုင်ရရှိစေမယ့် ပင်နယ်တီသွင်းဂိုးကို အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ကန်သွင်းချိန်မှာ နည်းပြ အာမိုရင်က မကြည့်ရှုခဲ့ပါဘူး။
ပင်နယ်တီကန်သွင်းချိန်မှာ ပရိသတ်တွေရဲ့ ပုံရိပ်ကို ကြည့်ရှုချင်လို့ဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ၂ ကြိမ်ဆက်တိုက် ပင်နယ်တီလွဲချော်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်မှုရှိပြီးသားဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ဖြစ်တဲ့ ဖူဟမ်နဲ့ပွဲစဉ်မှာ ပင်နယ်တီကန်သွင်းခွင့်ရပေမဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။