
ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ ပြည်တွင်းပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံကစားသမား ဂါနာချိုကို ခေါ်ယူဖို့အတွက် မန်ယူအသင်းနဲ့ သဘောတူညီမှု ရသွားပြီလို့ BBC က ဖော်ပြပါတယ်။
ချဲလ်ဆီးဟာ ဂါနာချိုရဲ့ ပြောင်းရွှေ့ကြေးအတွက် မန်ယူအသင်းကို စတာလင်ပေါင် သန်း ၄၀ ပေးရမှာဖြစ်သလို ပြန်ရောင်းချရင်လည်း ရတဲ့ငွေကြေးရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးရမှာပါ။
ချဲလ်ဆီးဟာ ဂါနာချိုကို ၇ နှစ်သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုမှာဖြစ်တယ်လို့ အားကစားသတင်းထောက် ဖာဘရီဇို ရိုမာနိုကလည်း သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။
ဂါနာချိုဟာ တခြားအသင်းတွေက ကမ်းလှမ်းတာမျိုး ရှိခဲ့ပေမဲ့ ချဲလ်ဆီးအသင်းကိုပဲ ပြောင်းရွှေ့ချင်ခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနား ကစားသမားဟာ မန်ယူအသင်းအတွက် ၁၄၄ ပွဲကစားပြီး ၂၆ ဂိုး သွင်းယူပေးထားပါတယ်။