
ဂိုးသမားမာတီနက်ဇ် အသင်းမှာဆက်ရှိဖို့ မသေချာကြောင့် အက်စ်တန်ဗီလာနည်းပြ အူနိုင်း အမ်မရီက ဝန်ခံပြောသွားပါတယ်။
အာဂျင်တီးနားဂိုးသမားဟာ ခရစ္စတယ်ပဲလေ့ကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အပြောင်းအရွှေ့ကိစ္စ ရှိနေတာကြောင့် ပွဲအပေါ် အာရုံစိုက်မှု အပြည့်အ၀ မရှိနိုင်တာကြောင့် ချန်လှပ်ခဲ့တာဖြစ်ကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်ကစားနိုင်မယ့်သူကသာ အသင်းကို ကူညီနိုင်မှာဖြစ်ကြောင်း မာတီနက်ဇ်ရဲ့ အခြေအနေက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
မာတီနက်ဇ်ကို ခေါ်ယူဖို့ မန်ယူအသင်းက ချိတ်ဆက်ခဲ့ဖူးသလို ဆော်ဒီကလပ်တွေကလည်း ခေါ်ယူလိုပေမဲ့ ကစားသမားဖြစ်သူက ဥရောပလိဂ်တွေမှာပဲ ဆက်လက် ကစားချင်တဲ့ ဆန္ဒရှိတယ်လို့ သိရပါတယ်။