
ဟော်လန်ဂိုးသမား မာကိုဘစ်ဇော့ကို ခေါ်ယူခဲ့တဲ့ အက်စ်တန်ဗီလာအသင်းဟာ ဂိုးသမား မာတီနက်ဇ်ကို ပြန်လည်ရောင်းချနိုင်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ဗီလာအသင်းဟာ ပြင်သစ်ကလပ် ဘရတ်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား မာကိုဘစ်ဇော့ကို မဖော်ပြနိုင်တဲ့ ပြောင်းရွှေ့ကြေးတရပ်နဲ့ ခေါ်ယူခဲ့တာပါ။
အသက် ၃၄ နှစ်ရှိ ဟော်လန်ဂိုးသမားဟာ မနှစ်ကရာသီက ချန်ပီယံလိဂ်ပွဲစဉ် ၉ ပွဲ အပါအဝင် ဘရတ်အသင်းနဲ့ ၄၁ ပွဲအထိ ပါဝင်ကစားခဲ့သူပါ။
ဗီလာအသင်းဟာ အရန်ဂိုးသမား ရော့ဘင်အိုလ်ဆင်ကို ထွက်ခွာခွင့်ပြုခဲ့တာကြောင့်လည်း အသင့်သုံးနိုင်မယ့် ဂိုးသမားတယောက်ကို ပြန်လည်ခေါ်ယူခဲ့တာပါ။
ဘစ်ဇော့ ရောက်ရှိလာတာက ပွဲထွက်ဂိုးသမား မာတီနက်ဇ်ရဲ့နေရာကို ခြိမ်းခြောက်လာနိုင်ပြီး မာတီနက်ဇ်ကို ရောင်းထုတ်နိုင်တာမျိုးလည်း ရှိလာနိုင်ကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။
အာဂျင်တီးနား နံပါတ်တစ်ဂိုးသမားကို မန်ယူအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အက်သလက်တီကို အပါအဝင် တခြားထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုလည်း ခံနေရပါတယ်။