
အက်စ်တန်ဗီလာအသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်တိုက်စစ်ကစားသမား မယ်လန်းကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
အသက် ၂၅ နှစ်ရှိ အာဆင်နယ်ကစားသမားဟောင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၄ ပွဲကစားခဲ့ပြီး ၂ ဂိုးသွင်းခဲ့သူပါ။
ဗီလာဘယ်နောက်ခံလူ မတ်ဆန်နဲ့ ဒေါ့မွန်မှာတင်မဟုတ်ဘဲ ဟော်လန်အသင်းမှာ အတူကစားခဲ့ဖူးပြီး ဗီလာအသင်းရဲ့ ဘယ်တောင်ပံမှာ တွဲဖက်ကစားဖို့ရှိနေပါတယ်။
ဗီလာအသင်းဟာ ဟော်လန်ကစားသမားအတွက်ကနဦးပေါင် ၁၅ သန်း အပါအဝင် ပေါင် ၂၅ သန်းအထိ ရှိနိုင်တဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာပါ။
မယ်လန်းဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်တာကြောင့် ဥရောပပွဲစဉ်တွေလည်း ကစားရမယ့် ဗီလာအသင်းက ခေါ်ယူဖို့ ဆွေးနွေးနေတာဖြစ်ပြီး မကြာခင်မှာ အပြီးသတ်နိုင်ဖို့ ကြိုးပမ်းနေ ပါတယ်။
Photo: Reuters