
အက်စ်တန်ဗီလာအသင်းဟာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ကြိုးပမ်းလာ ပါတယ်။
လူငယ်တိုက်စစ်မှူး ဂျွန်ဒူရမ်ကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ပေါင် ၆၅ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူးသစ်ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ဗီလာအသင်းအပြင် အီတလီစီးရီးအေ၊ ဂျာမန်ဘွန်ဒက်စ်လီဂါနဲ့ တူရကီကလပ်တွေက အပြိုင် ကြိုးပမ်းနေကြတာပါ။
တိုက်စစ်မှူးသစ်ခေါ်ယူမယ့် ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ် အပါအဝင် ချဲလ်ဆီးက ဂျာအိုဖဲလစ်၊ ပီအက်စ်ဂျီက မာကို အဆန်ဆီယိုနဲ့ ဝုဗ်က ကွန်ညာတို့ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဘက်ကတော့ စပိန်ထိပ်သီးဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
Photo: Reuters