တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အသုံးမပြုတာဟာ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားအားထုတ်မှု မရှိတာကြောင့် ဖြစ်တယ်လို့ မန်ယူနည်းပြ အာမိုရင်က ပြောသွားပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ မန်ယူအသင်းရဲ့ နောက်ဆုံး ၁၁ ပွဲဆက်တိုက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားအားထုတ်မှုမရှိတဲ့ ကစားသမား တယောက်ကို အသုံးပြုဖို့မရှိကြောင်း ထပ်မံပြောသွားခဲ့တာပါ။
ကြိုးစားအားထုတ်မှုမရှိတဲ့ ကစားသမားတယောက်ကို အသုံးပြုမယ့်အစား ဂိုးနည်းပြ ဗိုက်တယ်ကိုပဲ ရွေးချယ်မယ်လို့ နည်းပြအာမိုရင်က ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ အသင်းပြောင်းရွှေ့ဖို့ လုပ်ဆောင်နေပါတယ်။
နည်းပြ အာမိုရင်ကတော့ ရက်ရှ်ဖို့ဒ် အသင်းပြောင်းဖြစ်မလားဆိုတာ မသိနိုင်ကြောင်း မှတ်ချက်ပေးသွားပါတယ်။