မန်ယူအသင်းသမိုင်းတလျှောက် အဆိုးရွားဆုံးအချိန် ဖြစ်နေတယ်ဆိုတာ နားလည်လက်ခံကြောင်း အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အပြီးမှာ အဆင့် ၁၃ နေရာရောက်ရှိနေပြီး နှစ်ပေါင်း ၁၃၁ နှစ်အတွင်းမှာ အိမ်ကွင်း ရှုံးပွဲအများဆုံးအဖြစ် ဆိုးရွားတဲ့ မှတ်တမ်းတင်ရှိနေတာပါ။ အဲဒီအပေါ် နည်းပြအာမိုရင်ကိုယ်တိုင်က အဆိုးရွားဆုံးအသင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီးနောက် အဲဒီလို ပြောခဲ့တဲ့အပေါ် နောင်တရမိကြောင်း ပြောခဲ့ပါသေးတယ်။
ဖာနန်ဒက်စ်ကတော့ သမိုင်းတလျှောက် အဆိုးရွားဆုံးအသင်း ဖြစ်တယ်ဆိုတာကို နားလည်လက်ခံသွားရမှာဖြစ်ပြီး မန်ယူနိုက်တက်အသင်းအနေနဲ့ ကိုယ်ရောက်ရှိသင့်တဲ့အဆင့်မှာ မရရှိသေးကြောင်း ဝန်ခံပြောသွားခဲ့တာပါ။
အတက်အကျတွေ များလွန်းတဲ့ မန်ယူအသင်းကို ထိုက်တန်တဲ့အဆင့်တခု ပြန်လည်ရယူပေးနိုင်ဖို့က အခွင့်အရေးတခုအဖြစ် မှတ်ယူကြောင်းလည်း ဖာနန်ဒက်စ်က ပြောသွားပါတယ်။