မန်ယူအသင်းကို အသင်းသမိုင်းတလျှောက် အဆိုးရွားဆုံးအသင်းလို့ မှတ်ချက်ပေးမိတဲ့အပေါ် နောင်တရမိကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် အသင်းရဲ့ စွမ်းဆောင်ရည်က ကလပ်အသင်းသမိုင်းတလျှောက် အဆိုးရွားဆုံးဖြစ်ကြောင်း နည်းပြအာမိုရင်က မှတ်ချက်ပေးခဲ့တာပါ။
မိမိဟာ ငယ်ရွယ်သေးတဲ့နည်းပြဖြစ်လို့ တခါတရံမှာ အမှားလုပ်မိတတ်ကြောင်း၊ အဆိုးရွားဆုံးအသင်းလို စကားမျိုး မပြောသင့်ပေမဲ့ နောက်ထပ်မပြောနိုင်ဘူးလို့တော့ ကတိမပေးနိုင်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အပြီးမှာ ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး အဆင့် ၁၃ နေရာအထိ ရောက်ရှိနေကာ ၁၃၁ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းရှုံးပွဲ အများဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
Photo-Reuters