ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်သွားတာက လက်ခံနိုင်စရာမရှိကြောင်း မန်ယူနည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ဘရိုက်တန်နဲ့ပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး လိဂ်ပွဲစဉ် ၂၂ ပွဲမှာ ၁၀ ပွဲ မြောက်ရှုံးပွဲတွေ့ခဲ့ရတာပါ။
ပေးလိုက်ရတဲ့ ဂိုးတွေက လက်ခံနိုင်စရာ မရှိတဲ့အပြင် ကစားပုံကောင်းတချို့ရှိခဲ့ပေမဲ့လည်း ပွဲချိန်ပြည့် ထိန်းထားနိုင်စွမ်းမရှိခဲ့ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဂိုးသမားရဲ့ အမှားအယွင်းတွေအပေါ် အားလုံးမြင်တွေ့ကြရမှာဖြစ်ပြီး ပွဲမှာ ရှုံးနိမ့်ခဲ့သည့်တိုင် ပိုကောင်းတဲ့နည်းလမ်းနဲ့ အဆုံးသတ်နိုင်ခဲ့သင့်ကြောင်း နည်းပြအာမိုရင်က ပွဲအပြီးမှာ ပြောသွားပါတယ်။
ဒီရလဒ်ကြောင့် အဆင့် ၁၃ နေရာ ကျဆင်းသွားတဲ့ မန်ယူအသင်းဟာ တန်းဆင်းဇုန်က အစ်ဆွစ်အသင်းထက် ၁၀ မှတ်အသာရနေဆဲ ဖြစ်ပါတယ်။