ချဲလ်ဆီးအသင်းဟာမန်ယူတောင်ပံကစားသမား ဂါနာချိုကို ခေါ်ယူဖို့ မန်ယူအသင်းဆီ မေးမြန်းစုံစမ်းလိုက်တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းနဲ့ အညီ လုပ်ဆောင်နိုင်ဖို့ အတွက် အသင်းရှိ ကစားသမားတချို့ကို ရောင်းချသွားရမှာပါ။
တောင်ပံကစားသမား ဂါနာချိုအတွက် အီတလီကလပ် နာပိုလီအသင်းရဲ့ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းချက်ကိုတော့ မန်ယူအသင်းဘက်က ပယ်ချထားပါတယ်။
The Athletic သတင်းစာရဲ့ အဆိုအရ ချဲလ်ဆီးအသင်းဟာ ဂါနာချိုကိုခေါ်ယူနိုင်မယ့် နည်းလမ်းတွေကို စတင်လုပ်ဆောင်နေပြီး မန်ယူအသင်းဆီ ဆက်သွယ်ကမ်းလှမ်းဖို့ ရှိတယ်လို့ သိရပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ နည်းပြသစ် အာမိုရင်လက်ထက်မှာ ပွဲထွက်ခွင့် နည်းပါးနေသူဖြစ်ပြီး ထိုက်သင့်တဲ့ ကမ်းလှမ်းမှု ရရှိမယ်ဆိုရင် မန်ယူကနေ ထွက်ခွါဖို့ ရှိပါတယ်။
Photo: Reuters