မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရတ်ဖို့ဒ်ကို ပရိသတ်တသိန်းဝင်ဆံ့တဲ့ ကွင်းသစ် တည်ဆောက်သွားဖို့ ရည်မှန်းထားပါတယ်။
မူလက လက်ရှိကွင်းကိုပဲ ပြန်လည်ပြုပြင်မွမ်းမံဖို့ ပြင်ဆင်ခဲ့ပေမဲ့ ပရိသတ်ဝင်ဆံ့ဦးရေ ၈၇,၀၀၀ အထိသာ တိုးချဲ့နိုင်တာကြောင့် ကွင်းသစ်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။
နောက်ဆုံးအဆင့်ဆုံးဖြတ်ချက်ကိုတော့ အခုနှစ်နှောင်းပိုင်းမှာ အတည်ပြုသွားမှာဖြစ်ပြီး ကွင်းသစ်စီမံကိန်းကို ၂၀၂၅ ခုနှစ်မကုန်ခင်မှာ စတင်တည်ဆောက်သွားဖို့ လျာထားပါတယ်။
ဂရိတ်မန်ချက်စတာမြိုတော်ဝန် ဘန်ဟမ်ကတော့ ကွင်းသစ်စီမံကိန်းဟာ ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲပြီးနောက်မှာ ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံး အခွင့်အရေးတခုဖြစ်လာလိမ့် မယ်လို့ ပြောပါတယ်။
မန်ယူပရိသတ် ၅၀,၀၀၀ ကျော်ကို မေးမြန်းမှုအရ ပရိသတ် ၅၁ ရာခိုင်နှုန်းက ကွင်းသစ်တည်ဆောက်ဖို့ သဘောတူကြပြီး ၃၁ ရာခိုင်နှုန်းက ပြန်လည်ပြုပြင်ဖို့နဲ့ ၁၇ ရာခိုင်နှုန်းက ဝေခွဲမရဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo: Reuters