အသင်းသားတွေရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကြောင့် အာဆင်နယ်ကို ကျော်ဖြတ် အနိုင်ယူခဲ့တာ ဖြစ်ကြောင်း မန်ယူနည်းပြ အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပွဲချိန် ၆၁ မိနစ်ကတည်းက နောက်ခံလူ ဒါလော့ ထုတ်ပယ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်တွေနဲ့ အချိန်ပို မိနစ် ၃၀ ကို ၁၀ ယောက်တည်းနဲ့ ကစားပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ လိဂ်ပွဲစဉ်ကလိုမဟုတ်ဘဲ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရချိန်မှာတောင် ကွဲပြားခြားနားတဲ့စိတ်ဓာတ် ပြသနိုင်ခဲ့ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
အာဆင်နယ်ရဲ့ ဘောလုံးအသာစီးရယူပြီး ကစားပုံကြောင့် အစပိုင်းမှာ ခက်ခဲခဲ့ပေမဲ့ အသင်းသားအားလုံးရဲ့ စုစုစည်းစည်း ကစားပုံနဲ့ စရိုက်လက္ခဏာ ပြသနိုင်မှုတွေက အရေးပါပြီး ပွဲကို အဆုံးအဖြတ်ပေးခဲ့ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။