တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ ကွင်းလယ်လူ ကိုဘီမိန်နူးတို့ကို အသင်းမှာဆက်ထိန်းဖို့ ခက်ခဲကြောင်း မန်ယူနည်းပြအာမိုရင်က ဝန်ခံပြောသွားပါတယ်။
မန်ယူအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းကန့်သတ်ချက်တွေကြောင့် အသင်းရဲ့ ကစားသမားတချို့ကို ရောင်းထုတ်သွားရဖို့ ရှိပါတယ်။
ဒီအခြေအနေကြောင့် အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မိန်နူးနဲ့ ဂါနာချိုတို့ကို ဆက်ထိန်းနိုင်ဖို့ ခက်ခဲပြီး စောင့်ကြည့်သွားရုံသာရှိကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
မိန်နူးရဲ့ စွမ်းဆောင်ရည်ကိုလည်း နှစ်သက်ပြီး သူဟာ ခြေစွမ်းတိုးတက်လာနေတဲ့ လူငယ်ကစားသမားဖြစ်ကြောင်း နည်းပြ အာမိုရင်ကပြောပါတယ်။
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အီတလီကလပ်တွေက စိတ်ဝင်စားနေပြီး မိန်နူးကိုတော့ ချဲလ်ဆီးအသင်းက ခေါ်ယူလိုနေပါတယ်။
Photo-Reuters