လီဗာပူးနဲ့ အဝေးကွင်း ပွဲစဉ်မှာ ၂ ဂိုးစီသရေရလဒ်ရရှိအောင် ကစားနိုင်ခဲ့တဲ့ မန်ယူအသင်းသား တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို နည်းပြအာမိုရင်က ချီးကျူးသွားပါတယ်။
ဒီရလဒ်ဟာ နည်းစနစ်၊ ကစားကွက်တွေကြောင့် ရရှိခဲ့တာမဟုတ်ဘဲ အသင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာက အဓိကအချက်ဖြစ်တယ်လို့ နည်းပြ အာမိုရင်က ပြောပါတယ်။
အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကတော့ သရေရလဒ်က ၂ သင်းစလုံးအတွက်မျှတတဲ့ ရလဒ်ဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲကောင်း တပွဲဖြစ်ခဲ့ကြောင်း ပြောသွားပါတယ်။
ဒီရလဒ်ကြောင့် မန်ယူအသင်း အဆင့်တဆင့် တက်လာခဲ့ပြီး ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၁၃ မှာရပ်တည်နေပါတယ်။