အခုနှစ်ဘောလုံးရာသီဟာ လီဗာပူးနဲ့ နောက်ဆုံးနှစ်ဖြစ်ကြောင်း တိုက်စစ်ကစားသမား မိုဆာလာ က ထပ်မံပြောသွားပါတယ်။
ဆာလာဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ကိစ္စ ဖြစ်မြောက်ဖို့ အလှမ်းဝေးကွာနေသေးကြောင်း၊ အခုနှစ်ရာသီက လီဗာပူးနဲ့ နောက်ဆုံးနှစ်ဖြစ်ကြောင်း Sky Sport နဲ့ အင်တာဗျူးမှာ ဆာလာက ပြောသွားတာပါ။
အသင်းနဲ့ နောက်ဆုံးရာသီဖြစ်လို့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူဖို့ အာရုံစိုက်ထားကြောင်း၊ ကိုဗစ်ကာလတုန်းက ချန်ပီယံဖြစ်ခဲ့ပေမဲ့ စိတ်လွတ်ကိုယ်လွတ်အောင်ပွဲခံလို့ မရခဲ့ကြောင်း ဆာလာက ပြောပါတယ်။
စာချုပ်သက်တမ်း ၆ လ သာကျန်ရှိတော့ပေမဲ့ သက်တမ်းတိုးဖို့ကိစ္စ တိုးတက်မူရှိမလာတာကြောင့် လီဗာပူးကနေ ထွက်ခွါဖြစ်လိမ့်မယ်လို့ မိုဆာလာက ပြောသွားပါတယ်။
Photo: Reuters