အာနိုးလ်ရဲ့အပြောင်းအရွှေ့အပေါ် စောင့်ကြည့်ဖို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်စလော့တီက ပြောသွားပါတယ်။
လီဗာပူး ညာနောက်ခံလူဟာ အခုနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်အသင်းက ဒဏ်ရာရရှိနေတဲ့ ကာဗာဟယ်ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူလိုနေတာပါ။
လာလီဂါပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အာနိုးလ်ရဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် သတင်းထောက်တယောက်က မေးမြန်းခဲ့ရာမှာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း နည်းပြ အန်စလော့တီက ပြန်လည်ဖြေကြားခဲ့တာပါ။
လက်ရှိအချိန်မှာ အာနိုးလ်ရဲ့အပြောင်းအရွှေ့ကိစ္စ ပြောပြမယ်ဆိုရင် ပိုမိုရှုပ်ထွေးသွားနိုင်ပြီး ဆက်လက်စောင့်ကြည့်ဖို့သာရှိကြောင်း၊ အသင်းရဲ့ပွဲစဉ်တွေ အပေါ်မှာပဲ အာရုံစိုက်ထားကြောင်း နည်းပြအန်စလော့တီက ပြောသွားခဲ့ပါတယ်။