Home
အားကစား
ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လိုကြောင်း လီဗာပူးအသင်းကို အာနိုးလ် အသိပေး
DVB
·
December 30, 2024
Photo : Reuters

နောက်ခံလူ အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လိုကြောင်း လီဗာပူးအသင်းကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်ညာနောက်ခံလူဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၁ ရက်က စတင်ပြီး တခြားအသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ တရားဝင်ဆွေးနွေးခွင့် ရရှိမှာပါ။

စပိန်သတင်းစာ မာကာရဲ့ ဖော်ပြချက်အရ အာနိုးလ်ဟာ အသင်းကနေ ထွက်ခွါချင်ကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လိုကြောင်း အသင်းကို အသိပေးထားတယ်လို့ သိရပါတယ်။

နိုင်ငံအသင်းဖော် ဘယ်လင်ဂမ်နဲ့အတူ တသင်းတည်း ကစားရမယ့် အခြေအနေကလည်း မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အာနိုးလ်အတွက် မက်လုံးတခုဖြစ်တယ်လို့ မာကာသတင်းစာက ဖော်ပြပါတယ်။

လီဗာပူးဂန္ထဝင် ကာရေဂါကတော့ အာနိုးလ်အနေနဲ့  လီဗာပူးမှာ ဆက်နေမယ်ဆိုရင် အသင်းရဲ့ ဂန္ထဝင်ကစားသမားတယောက်အဖြစ် သတ်မှတ်ခံရမှာဖြစ်ပေမဲ့ ထွက်ခွါသွားမယ် ဆိုရင်တော့ အဲဒီလိုသတ်မှတ်ခံရဖို့ ထိခိုက်မှုရှိနိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013