Home
အားကစား
မန်ယူနောက်ခံလူမက်ဂွဲယားကို  ၁ နှစ်သက်တမ်းတိုးမည် 
DVB
·
January 4, 2025
Photo-Reuters

နောက်ခံလူ မက်ဂွဲယားကို စာချုပ်ပါအချက်အလက်တွေအတိုင်း တနှစ်သက်တမ်းတိုးသွားမှာဖြစ် ကြောင်း မန်ယူနည်းပြအာမိုရင်က အတည်ပြုပြောသွားပါတယ်။

မက်ဂွဲယားဟာ အခုနှစ်ရာသီမှာ စာချုပ်သက် တမ်းကုန်ဆုံးမှာဖြစ်ပြီး တနှစ်သက်တမ်းတိုးခွင့်ကို မန်ယူအသင်းက အသုံးချပြီး အသင်းမှာဆက် ထိန်းဖို့လုပ်ဆောင်ခဲ့တာပါ။

မက်ဂွဲယားကို စွမ်းဆောင်ရည်တိုးတက်လာဖို့ ပြောထားပြီး အသင်း ခေါင်းဆောင်းတယောက် အနေနဲ့လည်း အသင်းဘက်က လိုအပ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်တွေအတွက် ခြေစွမ်း အတက်အကျ တွေရှိခဲ့ပေမဲ့ မက်ဂွဲယားလို ခေါင်းဆောင်ကောင်းအရည်အသွေးရှိတဲ့သူကို မန်ယူ အသင်းက လိုအပ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။

အသက် ၃၁ နှစ်ရှိ အင်္ဂလန် နောက်ခံလူဟာ အခုနှစ်ရာသီမှာ လိဂ် ၁၂ ပွဲသာ ကစားထားပေမဲ့ မနှစ်ကရာသီက ၃၁ ပွဲကစား ၄ ဂိုးသွင်း၊ ၂ ကြိမ် ဂိုးဖန်တီးပြီး  ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013