ဆော်ဒီကလပ်အသင်းတွေရဲ့ မက်လောက်စရာ ကမ်းလှမ်းချက်တွေကို မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပယ်ချလိုက်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ နည်းပြအာမိုရင်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ၄ ပွဲဆက်တိုက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရချိန်မှာ မန်ယူကနေ ထွက်ခွာမယ်လို့ သတင်းထွက်ခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မန်ယူကနေ ထွက်ခွာမှာမဟုတ်ကြောင်း ရှင်းလင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဆော်ဒီကလပ်တွေရဲ့ တနှစ်လုပ်ခ ပေါင် ၃၅ သန်းရမယ့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းမှာ ရရှိနေတဲ့ လုပ်ခထက် ၂ ဆ၊ ၃ ဆ ရရှိနိုင်မှာဖြစ်ပေမဲ့ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့သလို တူရကီကလပ်တွေရဲ့ ကမ်းလှမ်းချက်တွေကိုလည်း လက်မခံခဲ့ဘူးလို့ သိရပါတယ်။