Home
အားကစား
မန်ယူအသင်း တန်းဆင်းရနိုင်ခြေ ရာခိုင်နှုန်းနည်းဟု စူပါကွန်ပြူတာ တွက်ချက်
DVB
·
January 1, 2025
Photo-Reuters

အခုနှစ်ရာသီအကုန်မှာ မန်ယူအသင်း တန်းဆင်းရနိုင်ခြေ ဝ ဒသမ ၁ ရာခိုင်နူန်းသာရှိကြောင်း  ဘောလုံးအချက်အလက် ကုမ္ပဏီ Opta ရဲ့ စူပါကွန်ပြူတာက တွက်ချက်ထုတ်ပြန်ပါတယ်။ 

မန်ယူအသင်းဟာ ပထမရာသီကာလအပြီးမှာ အဆင့် ၁၄ မှာရပ်တည်နေပြီး တန်းဆင်းရမယ့် အဆင့် ၁၈ က အသင်းနဲ့ ၇ မှတ်ကွာဟနေပါတယ်။  

စူပါကွန်ပြူတာရဲ့ တွက်ချက်မှုအရ မန်ယူအသင်းက တန်းဆင်းရ နိုင်ခြေ ဝ ဒသမ ၁ ရာခိုင်နူန်း၊ အဆင့် ၁၇ မှာရပ်တည်နိုင်ခြေ ဝ ဒသမ ၆ ရာခိုင်နူန်း၊ အဆင့် ၁၆ မှာရပ်တည်နိုင်ခြေ ၃ ဒသမ ၁ ရာခိုင်နူန်းရှိပါတယ်။  

ရာခိုင်နူန်းအများဆုံးက အဆင့် ၁၂ ဖြစ်ပြီး ၁၅ ဒသမ ၁ ရာခိုင်နှုန်းအထိရှိနေပါတယ်။

ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ အတွက်တော့ ဝ ဒသမ ၃ ရာခိုင်နူန်းသာရှိကြောင်း စူပါကွန်ပြူတာက ထုတ်ပြန်ပါတယ်။ 

စူပါကွန်ပြူတာဟာ  လက်ကျန်ပွဲစဉ်အခြေအနေ၊ ဖြစ်နိုင်တဲ့ ရလဒ်၊ ပြိုင်ဘက်အသင်း အခြေအနေ အစရှိတာတွေကို အသေးစိတ် ခန့်မှန်းတွက်ချက်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013