မန်ယူနောက်ခံလူ မက်ဂွဲယားက အတုယူစရာ စံပြကစားသမားဖြစ်တယ်လို့ နည်းပြ ရူဘင်အာမိုရင် က ထုတ်ဖော်ချီးကျူးသွားပါတယ်။
အင်္ဂလန်နောက်ခံလူဟာ ၂၀၁၉ ခုနှစ်ကစတင်ပြီး အသင်းခေါင်းဆောင် တာဝန်ယူခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာ စွမ်းဆောင်ရည်ကျဆင်းခဲ့မှုနဲ့အတူ အသင်းခေါင်းဆောင်လက်ပတ်ပါ လက်လွှတ်ခဲ့ရသူပါ။
နည်းပြအာမိုရင်ကတော့ မက်ဂွဲယားဟာ လူတွေရဲ့ အထင်အမြင်သေးမှုတွေကို မှားယွင်းကြောင်း သက်သေပြခဲ့သူဖြစ်ပြီး အတုယူစရာ စံပြကစားသမားဖြစ်တယ်လို့ ပြောပါတယ်။
သူဟာ အသင်းကို အမြဲတမ်းကူညီဖို့ ကြိုးစားသူဖြစ်သလို ကိုယ့်အလုပ်ကို အမြဲတမ်း အာရုံစိုက်တတ်သူဖြစ်ကြောင်းလည်း မက်ဂွဲယားကို နည်းပြအာမိုရင်က ချီးကျူးပါတယ်။
မန်ယူအသင်းမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် ပွဲပယ်ပြစ်ဒဏ်ထိထားလို့ မက်ဂွဲယားကို အသင်းခေါင်းဆောင်အဖြစ် ပွဲထုတ်သွားဖို့ရှိပါတယ်။