Home
အားကစား
မန်ယူအသင်း ရှုံးပွဲဆက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း နည်းပြ အာမိုရင်ပြော
DVB
·
December 28, 2024
Photo: REUTERS/Chris Radburn/File Photo

မန်ယူအသင်းအနေနဲ့ ရှုံးပွဲတွေ များလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။

နောက်ဆုံးပွဲစဉ်မှာ ဝုဗ်အသင်းကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်းဟာ နောက်ဆုံး ၃ ပွဲ ဆက်တိုက် ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးပွဲတွေ့ခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက် နည်းပြတယောက်အနေနဲ့ အမြဲတမ်းဖိအားရှိနေမှာဖြစ်ပြီး ဒီလောက်အထိ ရှုံးပွဲဆက်လိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့ကြောင်း၊ လက်ရှိအခြေအနေကို မပြောင်းလဲနိုင်ဘူးဆိုရင် ရာထူးကနေ ထုတ်ပယ်ခံရတဲ့အထိ ဖြစ်လာနိုင်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။

မန်ယူအသင်းဟာ လာမယ့်တပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ အိမ်ကွင်းမှာ ကစားပြီးနောက်မှာ လီဗာပူး၊ အာဆင်နယ်အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013