Home
အားကစား
အိုးထရက်ဖို့ဒ်ကွင်း၌ ကြွက်သောင်းကျန်းမှုကြောင့် မန်ယူအသင်း အခက်တွေ့
DVB
·
December 24, 2024
Photo : Reuters

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကြွက်တွေ သောင်းကျန်းနေတာကြောင့် အခက်တွေ့ နေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပတ်ဝန်းကျင်သန့်ရှင်းမှု စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူတွေ လာရောက် စစ်ဆေးရာမှာ သန့်ရှင်းမှုအားနည်းကြောင်း တွေ့ရှိခဲ့တာကြောင့် မန်ယူကွင်းဟာ ကြယ် ၂ ပွင့်အဆင့်အထိ လျှော့ချသတ်မှတ်ခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်း အများစုရဲ့ ကွင်းတွေဟာ ကြယ် ၅ ပွင့်အဆင့် သတ်မှတ်ခံထားရချိန်မှာ မန်ယူအသင်းရဲ့ အိမ်ကွင်းက အဆင့်လျှော့ချ သတ်မှတ်ခံခဲ့ရတာပါ။

အထူးသဖြင့် နားနေဆောင် ပတ်ဝန်းကျင်နဲ့ ပရိသတ်တွေကို အစားအသောက်ရောင်းချတဲ့ နေရာတွေမှာ ကြွက်တွေ ပြေးလွှားနေတာကို စစ်ဆေးရေးအရာရှိတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်း တာဝန်ရှိသူတွေဟာ ပိုးမွှားထိန်းချုပ်ရေး တာဝန်ရှိသူတွေ၊ ဒေသဆိုင်ရာ ကောင်စီဝင်တွေနဲ့ ဆွေးနွေးပြီး ကြွက်သောင်းကျန်းမှုကို ဖြေရှင်းသွားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းကို ၁၉၁၀ ပြည့်နှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ကွင်းအမိုးတွေ မလုံတာကြောင့် မိုးရွာချိန်မှာ ရေကြီး၊ ရေလျှံမှုတွေလည်း ကြုံတွေ့နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013