
ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးသာ အရင်ရခဲ့မယ်ဆိုရင် ပွဲရလဒ်ပြောင်းလဲသွားနိုင်ကြောင်း မန်ယူနည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့အိမ်ကွင်းပွဲစဉ် မှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ပြိုင်ဘက်ကို ဂိုးမပေးရခင်အထိ အသင်းဘက်က အခွင့်အရေးတွေ ရရှိခဲ့ပြီး ဦးဆောင်ဂိုး အရင်ရရှိခဲ့မယ်ဆိုရင် ပွဲရလဒ်ပြောင်းလဲသွားနိုင်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
တည်ကန်ဘောတွေကနေ ဂိုးပေးရတဲ့အပေါ်မှာလည်း နည်းပြအာမိုရင်က မကျေမနပ်ဖြစ်ခဲ့ပြီး ရလဒ်ကောင်းတွေ ပြန်ရဖို့အတွက် အတူတကွ ရှေ့ဆက်သွားရုံသာရှိကြောင်း အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ဒီပွဲ အရှုံးပွဲကြောင့် အမှတ်ပေးဇယားအဆင့် ၁၃ နေရာရောက်ရှိနေပြီး အဆင့် ၄ နေရာက နော်တင်ဟမ်နဲ့ ၉ မှတ် ကွာဟသွားပြီ ဖြစ်ပါတယ်။